အွန်လိုင်းဝန်ထမ်းစီမံခန့်ခွဲမှုကို ကလစ်တစ်ချက်နှင့် စလိုက်ပါ
ဒစ်ဂျစ်တယ်နည်းဖြင့် သင့်ဝန်ထမ်းကို စီမံခန့်ခွဲပါ
ရက် ၃၀ အတွင်း ငွေပြန်အမ်းမည့်အာမခံ

မိုဘိုင်းအခြေပြုဝန်ထမ်းစီမံခန့်ခွဲမှုစင်္ကြံတစ်ခု အနေဖြင့် ကျွန်ုပ်တို့သည် GPS စနစ်ဖြင့် ခြေရာခံခြင်း၊ ကွင်းစီမံခန့်ခွဲခြင်း၊ စစ်တမ်းကောက်ခံခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်း၊ ပြက္ခဒိန်အသုံးပြုခြင်း၊ တည်နေရာဝန်ဆောင်မှုများ၊ မွမ်းမံရေးကိရိယာများနှင့် အခြားဝန်ဆောင်မှုများစွာတို့ကို တမူထူးခြားစွာ ပေါင်းစပ်ပံ့ပိုးထားပါသည်။
ကျွန်ုပ်တို့၏ဖြေရှင်းချက်နှင့်ဆိုလျှင် ဝန်ထမ်း၏မိုဘိုင်းဖုန်းကို လုပ်ငန်းစီမံခန့်ခွဲရေးကိရိယာအဖြစ်သို့ ပြောင်းလဲပေးနိုင်ပါလိမ့်မည်။ ဝန်ထမ်းများ၏ အဖိုးတန်ပိုင်ဆိုင်မှုဖြစ်သော မိုဘိုင်းဖုန်းများတစ်ဆင့် လုပ်ငန်းပြီးမြောက်စေအောင် ဆောင်ရွက်နိုင်ပါသည်။
လုပ်ဆောင်ရန်မှာ ၁) ကျွန်ုပ်တို့၏မိုဘိုင်းအက်ပ်ကို ဒေါင်းလုဒ်လုပ်ပါ။ ၂) တပ်ဆင်မှုလမ်းညွှန်အတိုင်း ဆောင်ရွက်ပါ။ ပြီးလျှင် ၃) ဝန်ထမ်းအဖွဲ့ကို နေ့ချင်းပင် စီမံခန့်ခွဲနိုင်ပြီဖြစ်ပါသည်။
လုပ်ငန်းမြန်ဆန်မှု
မြန်ဆန်မှုမှာ အရေးကြီးပါသည်။ သင့်အနေဖြင့်လည်း လုပ်ငန်းတာဝန်များ အမြန်ခွဲဝေနိုင်ပြီး ဝန်ထမ်းအဖွဲ့မှ အလုပ်တာဝန်များ အချိန်မီပြီးစီးစေအောင် အလိုအလျောက် စီမံနိုင်ပါသည်။
ရှင်းလင်းသည့်လမ်းညွှန်ချက်များ၊ တာဝန်ခွဲဝေမှုများနှင့် မှတ်ချက်များကို အမှားအယွင်းမရှိ ပေးအပ်ကာ အချိန်တိုအတွင်း ညွှန်ကြားချက် ပိုမိုများပြားစွာ ပြီးစီးစေနိုင်ပါသည်။
ဒါက ဝန်ထမ်းစွမ်းဆောင်ရည်ကို တကယ်မြှင့်တင်ပေးတဲ့ဆော့ဖ်ဝဲပဲ။


အချိန်ကိုက် အခြေအနေ
ဝန်ထမ်းများ ပိုင်ဆိုင်သည့်စမတ်ဖုန်းကို လုပ်ငန်းစီမံကိန်းရေးဆွဲသည့်အရာအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲပစ်နိုင်ပါသည်။ ဝန်ထမ်းတည်နေရာကို သိရှိ၍ ခန့်အပ်တာဝန်ကို ဆန်းစစ်ပြီး ရုံးနှင့်ဝန်ထမ်းအကြား ဒေတာအချက်အလက် အလွှဲအပြောင်း ပြုလုပ်နိုင်ပါသည်။
ထိရောက်လှသည့် ယခုစနစ်မှာ အလုပ်ကို ပို၍မြန်ဆန်ကောင်းမွန်စွာ ပြီးစီးစေသည့်အပြင် ဝန်ထမ်း၏ပါဝင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။
တော်တော်ကောင်းတဲ့ ဝန်ဆောင်မှုပါပဲ။ သုံးကြည့်ဖို့ အထူးတိုက်တွန်းပါတယ်။
တာဝန်ထမ်းဆောင်မှုသက်သေ
ဈေးကွက်သုတေသနစစ်တမ်းကောက်ခံသည်ဖြစ်စေ၊ ကုန်စည်ပို့ဆောင်နေသည်ဖြစ်စေ ဝန်ထမ်း၏မရိုးမသားပြုလုပ်မှုကို ၁၀၀% ကာကွယ်နိုင်သောကျွန်ုပ်တို့၏ဖြေရှင်းချက်ကို အသုံးပြုနိုင်ပါသည်။
တည်နေရာနှင့်အချိန် ခြေရာခံခြင်း၊ အီလက်ထရွန်းနစ်ဖောင်ပုံစံများ သုံးခြင်း၊ အချိန်နှင့်တပြေးညီအချက်အလက်များ ကောက်ခံခြင်း၊ ပြီးစီးသည့်အလုပ်အတွက် ဖောက်သည်၏လက်မှတ် တောင်းခံခြင်းနှင့် အခြားလုပ်ဆောင်ချက်များစွာကို အသုံးပြု၍ လုပ်ငန်းကို ပို၍လုံခြုံအောင် စီမံနိုင်ပါသည်။
ဝန်ထမ်းအယောက်တိုင်းစီနဲ့ ချောချောမွေ့မွေ့ ဆက်သွယ်နိုင်တယ်။


ထိန်းချုပ်စီမံမှု
ထိန်းချုပ်ရခက်သည့် ကွင်းလုပ်ငန်းများနှင့် ရုံးချိန်ပြင်ပတည်နေရာများ အပါအဝင် အဖွဲ့အစည်းအတွင်း ဖြစ်ပျက်နေသည်တို့ကို သိနိုင်ပါသည်။
ဝန်ထမ်းအဖွဲ့၊ တည်နေရာ၊ အချိန်၊ တာဝန်ခွဲဝေမှုတို့ကို ၁၀၀% ရှင်းလင်းစေအောင် လုပ်ဆောင်နိုင်ပါသည်။
သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုနဲ့နှိုင်းယှဉ်ရင် အများကြီး တိုးတက်လာတာတွေ့ရတယ်။
ဖိုင်မျှဝေမှု
ရောက်ရှိကြောင်းနှင့် အလုပ်ပြီးစီးကြောင်း အထောက်အထား ရယူနိုင်ပြီး ဖောက်သည်ထံရောက်ရှိကြောင်း ဓာတ်ပုံမှတ်တမ်းတင်နိုင်ပါသည်။ အရောက်နောက်ကျမှုများကို စောင့်ကြည့်၍ လုပ်ငန်းစွမ်းဆောင်ရည်ကို ခြေရာခံနိုင်ပြီး ဝန်ထမ်းမှတ်ချက်များ၏ မှတ်ချက်များမှတစ်ဆင့် စစ်ဆေးနိုင်ပါသည်။
အုပ်ချုပ်စီမံမှုအပိုကုန်ကျစရိတ်များ သက်သာစေနိုင်ပြီး စာရွက်လွတ်နည်းလမ်းကို အသုံးပြုနိုင်ပါသည်။
အခုဆိုရင် ကွင်းဆင်းဝန်ထမ်းတွေ ဘာလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိရပြီ။

ထောက်ခံချက်များ



ကုမ္ပဏီကြီးငယ်မရွေး ဝန်ဆောင်ပေး
ကျွန်ုပ်တို့သည် ပြီးခဲ့သည့်နှစ်များအတွင်း အထက်ပါကုမ္ပဏီများနှင့် လက်တွဲ၍ GPS အခြေခံသော မော်တော်ယာဉ်ခြေရာခံမှုနှင့် မော်တော်ယာဉ်အုပ်စုစီမံခန့်ခွဲမှု အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။ ထိုအတွေ့အကြုံများကပင် ဝန်ထမ်းစီမံခန့်ခွဲမှုဖြေရှင်းချက်သစ် အား တီထွင်ဖြစ်စေခဲ့ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ကို အလေးထားကာကွယ်ရမည့် ယခုလိုကာလမျိုးတွင် ဝန်ထမ်း၏တည်နေရာသိရှိရေး၊ လူမှုအနေခွာရေးနှင့် ဘေးကင်းလုံခြုံမှုသေချာစေရေးတို့မှာ ဦးစားပေးရန်ကိစ္စများ ဖြစ်လာပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ အလေးထားသော စီးပွားရေးလုပ်ငန်းအကျိုးများထိရောက်မှုစွမ်းရည်နှင့် ထိန်းချုပ်စီမံနိုင်မှု တို့နှင့် ကိုက်ညီနေပါသည်။
ကွင်းဝန်ထမ်းစီမံခန့်ခွဲရာ၌ ပို၍ထိန်းချုပ်နိုင်၊ ပို၍ထိရောက်အောင်စီမံနိုင်လေလေ၊ ခက်ခဲသည့်ကာလများတွင်ပင် သင်၏လုပ်ငန်း ရပ်တည်နိုင်မှု၊ ကြီးထွားတိုးတက်နိုင်မှု အခွင့်အလမ်း မြင့်တက်လေလေ ဖြစ်ပါသည်။
၃-နှစ်အစီအစဉ်
-
သက်သာမှု ၅၅%
၂-နှစ်အစီအစဉ်
-
သက်သာမှု ၅၀%
၁-နှစ်အစီအစဉ်
-
သက်သာမှု ၃၀%
၁-လအစီအစဉ်
-
သက်သာမှု ၀%
၃-နှစ်အစီအစဉ်
-
သက်သာမှု ၅၅%
၂-နှစ်အစီအစဉ်
-
သက်သာမှု ၅၀%
၁-နှစ်အစီအစဉ်
-
သက်သာမှု ၃၀%
၁-လအစီအစဉ်
-
သက်သာမှု ၀%

ယခုပဲ ဆောင်ရွက်လိုက်ပါ
အရဲစွန့်စရာမလိုဘဲ ဝယ်ယူလိုက်ပါ။ စိတ်ကျေနပ်မှုမရှိပါက ရက် ၃၀ အတွင်း ၁၀၀% ငွေပြန်အမ်းပေးပါမည်။